၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းကိုဗဟိုပြုကာလှုပ်ခတ်ခဲ့သော ပြင်းအား ၇.၇ ရစ်ချ်တာစကေးလ်ရှိ ငလျင်

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းကိုဗဟိုပြုကာလှုပ်ခတ်ခဲ့သော ပြင်းအား ၇.၇ ရစ်ချ်တာစကေးလ်ရှိ ငလျင်သည် မြန်မာပြည်သူပြည်သားများစွာ၏ အသက်အိုးအိမ်စည်းစိမ်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များစွာကို ထိခိုက်ပျက်စီးစေခဲ့ပါသည်။

MTSH အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၏ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အားပါဝင်နိုင်ရန် အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့ပါသည်။

ငလျင်ဒဏ်သင့်ပြည်သူများအတွက် MTSH ၏ ကူညီထောက်ပံ့ရေးအစီအစဥ်ဖြင့် တစ်အိမ်ထောင်လျှင် ကျပ် ၂၅၀၀၀၀ တန်ဖိုးရှိ Home Starter Kit တစ်စုံ နှင့် ငွေသား ကျပ် ၁၀၀၀၀၀၊ စုစုပေါင်း ကျပ် ၃၅၀၀၀၀ တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို အိမ်ထောင်စု ၄၀၀ စာအတွက် ပျဉ်းမနား၊ မန္တလေး၊ အမပူရရှိ မိသားစုများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များသို့ MTSH မှ ဝန်ထမ်းများကိုယ်တိုင်သွားရောက်ကာ လက်ဝယ်အရောက် လှူဒါန်းခဲ့ကြပြီး ပူဆွေးသောကရောက်နေကြသည့် အများပြည်သူကို တတ်အားသရွေ့ နှစ်သိမ့်အားပေးခဲ့ကြပါသည်။