Annual General Meeting

Annual General Meeting

Date
23/10/2026
Time
10:00 am
Venue
Zoom Online Meeting

Meeting Description

MTSH ၏ (၁၃) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ဆောင်ရွက်မည့်ကိစ္စများ

 

၁။ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးသော ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာ၊ အတည်ပြုဘဏ္ဍာရေးရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ကို အတည်ပြုခြင်း။

၂။ အစုရှယ်ယာရှင်များ၏ အမြတ်ဝေစုခွဲဝေခြင်းနှင့် ဒါရိုက်တာအဖွဲ့၏ ဆုကြေးအား အတည်ပြုခြင်း။

၃။ ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ခြင်းနှင့် ရွေးချယ်ခံရသော ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်း အား အတည်ပြုခြင်း။

၄။ လွတ်လပ်သော ဒါရိုက်တာများ၏ အမည်စာရင်းအား အတည်ပြုခြင်း။

၅။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ်ခန့်အပ်ခြင်းကို အတည်ပြုခြင်း။

Note

#Please note that, the online meeting invitation will send you soon.

Invitation Letter

Invitation Letter Front
Invitation Letter Back

Frequently Asked Questions

မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH) ၏ ဒါရိုက်တာအဖွဲ့သည် ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေများပေါ် အခြေခံ၍ ၂၃-၁၀-၂၀၂၆ ရက်နေ့တွင် ကျင်းပမည့် (၁၃) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် အစုရှယ်ယာရှင်များအား အစုရှယ်ယာရှင်များ ပိုင်ဆိုင်သည့် အစုရှယ်ယာတစ်စုလျှင် (၁၅၀) ကျပ်တိတိအား ခွဲဝေပေးမည်ဖြစ်ကြောင်း ၁၉.၈.၂၀၂၆ နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၉/၂၀၂၅-၂၀၂၆) ၌ ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ ၀၉.၀၉.၂၀၂၆ နေ့အထိ အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး ၁၄.၉.၂၀၂၆ နေ့ရှိ အစုရှယ်ယာရှင် စာရင်းတွင် ပါရှိမည့် အစုရှယ်ယာရှင်တစ်ဦးချင်းစီက မိမိတို့ဝယ်ယူပိုင်ဆိုင်ထားသော အစုအရေအတွက်အတိုင်း အမြတ်ဝေစု ခံစားခွင့်ရှိမည်ဖြစ်ပြီး အမြတ်ဝေစုများကို စနစ်တကျ ထုတ်ပေးသွားမည်ဖြစ်ပါမည်။

အမြတ်ဝေစုများထုတ်ဝေပေးရာတွင် – ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities Companies) များဖြစ်သော MSEC Securities, KBZSC Securities, CB Securities, AYAtrust Securities, KTZRH Securities နှင့် UAB Securities ကုမ္ပဏီတို့တွင် ငွေချေးသက်သေခံလက်မှတ်စာရင်း (Securities Account) ဖွင့်လှစ်ထားပြီးဖြစ်သည့် အစုရှယ်ယာရှင်များအတွက် အမြတ်ဝေစုကို ၅.၁၁.၂၀၂၆ ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities Companies) များထံ ဆက်သွယ်ကာ ထုတ်ယူနိုင်ပါသည်။

ငွေချေးသက်သေခံလက်မှတ်စာရင်း (Securities Account) မဖွင့်လှစ်ရသေးသော အစုရှယ်ယာရှင်များအနေဖြင့် MTSH ၏ အစုရှယ်ယာဌာန (Investor Relations) သို့ ဆက်သွယ်၍ အမြတ်ဝေစုများကို ထုတ်ယူနိုင်ပါသည်။

မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH) ၏ အစုရှယ်ယာရှင်များအနက် အစုရှယ်ယာလက်မှတ်အပ်နှံခြင်းမပြုရသေးသူများအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ ကုမ္ပဏီမှ ခွဲဝေပေးသည့် အမြတ်ဝေစုများအား မည်သည့်ဘဏ္ဍာရေးနှစ်အတွက်မဆို ထုတ်ယူခြင်းမပြုရသေးပါက အောက်ဖော်ပြပါ လိပ်စာသို့ ဆက်သွယ်၍ အမြတ်ဝေစုထုတ်ယူရန်ဆောင်ရွက်နိုင်ပါသည်။
အစုရှယ်ယာလက်မှတ်အပ်နှံပြီး ငွေချေးသက်သေခံလက်မှတ်စာရင်း (Securities Account) ဖွင့်ထားသည့်အစုရှယ်ယာရှင်များမှာ မိမိတို့၏ အမြတ်ဝေစုကိစ္စများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက သက်ဆိုင်ရာငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities Company) များသို့ ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ
ရွှေဇမ္ဗူရေဗားဗျူးကွန်းပလပ်(စ်)၊ ၂၃ ဂျီ-၁၊ အမှတ် ၃-ဘီ၊ တာဝါ (အေ)၊
(၉) ထပ် (အပေါ်ဆုံးထပ်)၊ ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရမည့်ဖုန်းနံပါတ်
၀၁-၂၃၀၁၇၇၂၊ ၂၃၀၁၇၇၃၊ ၂၃၀၁၈၅၃၊ ၂၃၀၁၈၈၅၊ ၀၉ ၉၆ ၉၉၉ ၇၈၁၇၊
အီးမေးလ်
[email protected]

မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့် သက်ဆိုင်
သော ကုမ္ပဏီလီမိတက် (MTSH)၊ အစုရှယ်ယာဌာန (Investor Relations)၊

၁။         အစုရှယ်ယာအ‌ရေအတွက် (၁၀,၀၀၀) နှင့် အထက်ပိုင်ဆိုင်ရမည်။

၂။         ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပြဋ္ဌာန်းထားသည့် ဒါရိုက်တာအရည်အချင်းနှင့် ပြည့်မီ၍ သတ်မှတ် စည်းမျဉ်းစည်းကမ်းများအား လိုက်နာနိုင်သူဖြစ်ရမည်။

၃။         အဆိုပြုလွှာနှင့်အတူ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ဓာတ်ပုံ (၂) ပုံ ပါရှိရမည်။

၄။         ပူးတွဲပါ ကိုယ်ရေးမှတ်တမ်းအကျဉ်းတွင် ပြည့်စုံစွာဖြည့်စွက်၍ ပြန်လည်ပေးပို့ရမည်။

၅။         ၁၂-၁၀-၂၀၂၆ ရက် (တနင်္လာနေ့) ညနေ (၄:၀၀) နာရီထက်နောက်မကျဘဲ MTSH ၏ Email ဖြစ်သည့် [email protected] သို့ ပေးပို့ပေးရန်နှင့် ၎င်းအချိန်ထက်ကျော်လွန်ပါက အတည်ပြုလက်ခံမည် မဟုတ်တော့ပါ။

၁။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH) ၏ (၁၃) ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို အွန်လိုင်းပလက်ဖောင်း (Online Platform) အသုံးပြု၍ ၂၃-၁၀-၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂။ ဒါရိုက်တာအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာကို ၃၁-၈-၂၀၂၆ ရက်နေ့တွင် www.mtshmyanmar.com ၌ တင်ပေးထားပြီး ဖြစ်ပါသည်။

၃။ အစုရှယ်ယာရှင်များ၏ အကြံပြုချက်/မေးမြန်းချက်များကို ၁၆-၁၀-၂၀၂၆ ရက်နေ့ ညနေ (၄:၃၀) နောက်ဆုံးထား၍ ဒါရိုက်တာအဖွဲ့ထံသို့ လိပ်မူပြီး [email protected] သို့ပေးပို့နိုင်ပါသည်။

၄။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပါဝင်ရွေးချယ်ခံရန် အစုရှယ်ယာအရေအတွက် (၁၀,၀၀၀) နှင့် အထက်ပိုင်ဆိုင်သူဖြစ်ရပါမည်။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူများသည် MTSH အင်တာနက်စာမျက်နှာ (Website) ဖြစ်သော www.mtshmyanmar.com သို့ ဝင်ရောက်၍ သတ်မှတ်ထားသည့် Form ပုံစံအား Download ပြုလုပ်ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။

၅။ အစုရှယ်ယာရှင်များ၏ ဆန္ဒမဲဖြင့် ဒါရိုက်တာအဖွဲ့ဝင်သစ်များကို ရွေးချယ်နိုင်ရန် Online Register ပြုလုပ်ရမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို ၁၂-၁၀-၂၀၂၆ ရက်နေ့ ညနေ (၄:၀၀) အချိန်ထက်နောက်မကျဘဲ MTSH အင်တာနက်စာမျက်နှာ (Website) ဖြစ်သော www.mtshmyanmar.com တွင် ဝင်ရောက်ဆောင်ရွက်နိုင်ပါသည်။

၆။ Online Registration ပြုလုပ်ရန်အခက်အခဲရှိသည့် အစုရှယ်ယာရှင်များအနေဖြင့် MTSH အစုရှယ်ယာဌာန (Investor Relations) ၏ Viber ဖုန်းနံပါတ်အမှတ် ၀၉ ၉၆၉ ၉၉၇ ၈၀၈ သို့ အစုရှယ်ယာရှင်၏ မှတ်ပုံတင်မူရင်းကို ရှေ့နောက်ဓာတ်ပုံရိုက်၍ အမည်၊ မှတ်ပုံတင်အမှတ်၊ Online Voting Link နှင့် Zoom Webinar Link လက်ခံမည့် မိုဘိုင်းဖုန်းနံပါတ်တစ်ခုတည်းဖြင့် အစုရှယ်ယာရှင်ကိုယ်တိုင်ပေးပို့၍ စာရင်းပေးသွင်းဆောင်ရွက်နိုင်ပါသည်။

၇။ မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH) ၏ (၁၃) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို အွန်လိုင်းပလက်ဖောင်း (Online Platform) အသုံးပြု၍ ၂၃-၁၀-၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အစည်းအဝေးကျင်းပသည့်နေ့တွင် ဒါရိုက်တာအဖွဲ့ဝင်ရွေးချယ်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူသည် အစုရှယ်ယာအရေအတွက် (၁၀,၀၀၀) နှင့် အထက်ပိုင်ဆိုင်သူဖြစ်ရန်လိုအပ်ပြီး၊ MTSH အင်တာနက်စာမျက်နှာ(Website)ဖြစ်သော www.mtshmyanmar.com သို့ ဝင်ရောက်၍သတ်မှတ်ထားသည့် Form ပုံစံအား Download ပြုလုပ်ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံလိုသူများအနေဖြင့် ၁၂-၁၀-၂၀၂၆ (တနင်္လာနေ့) ညနေ (၄:၀၀) နာရီထက် နောက်မကျဘဲ MTSH ၏ Email ဖြစ်သည့် [email protected] သို့ ပေးပို့ရပါမည်။ သတ်မှတ်အချိန်ထက်ကျော်လွန်ပါက အတည်ပြုလက်ခံမည်မဟုတ်တော့ပါ။